Thursday, September 2, 2010
August 2010 - Donation Event at the Delta
Thursday, October 1, 2009
Donors List Updated on September 30th 2009
Thursday, July 23, 2009
Donors List Updated on July 23rd 2009
Donors List Updated on July 23rd 2009 -
Click here to see the latest updated charity
July 23rd 2009
(Total listed Children - 575)
Thursday, June 18, 2009
Tuesday, June 9, 2009
Child Aid Foundatiuon - Sell Food to Feed & Educate Orphans from Nargis of Burma
နာဂစ် မိဘမဲ့ကလေးများအတွက် ဈေးရောင်းပွဲ ကျင်းပ
မိုးမခအထောက်တော် ၀၀၂
ဇွန် ၉၊ ၂၀၀၉
နာဂစ် မိဘမဲ့ကလေးများအတွက် အမေရိကန်ပြည်ထောင်စုအခြေစိုက် Child Aid Foundation နှင့် အမေရိကန်ရောက် မြန်မာမိသားစုများ ၀ိုင်းဝန်းစီစဉ်သည့် ဈေးရောင်းပွဲကို ဇွန်လ ၇ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် Newark မြို့တွင် ပြုလုပ်ခဲ့သည်။ Newark Pavilion တွင် ပြုလုပ်သည့် ယင်းဈေးရောင်းပွဲကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပရာ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသရှိ အဖွဲ့အစည်းများနှင့် စေတနာရှင်များက မြန်မာအစားအစာမျိုးစုံ ရောင်းချ လှူဒါန်းကြပြီး ထိုဒေသရှိ မြန်မာများ စုစုပေါင်း ၃၀၀ ခန့် လာရောက် အားပေးခဲ့ကြသည်။
ဈေးရောင်းပွဲမှ ရရှိမည့် အလှူငွေအားလုံးကို မေတ္တာနန္ဒဆရာတော် (ရန်ကုန်) နှင့် ဖောင်တော်ဦးဆရာတော် (မန္တလေး) တို့ ဦးစီးသော ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် မေတ္တာနန္ဒ ပရဟိတကျောင်းသို့ ရောက်ရှိလာသည့် နာဂစ်ဒဏ်သင့် ကလေးငယ်များနှင့် မိဘမဲ့ကလေးများအတွက် စာသင်ကျောင်းနှင့် ပရဟိတ ဂေဟာတို့ ဆောက်လုပ်ရာတွင် သုံးစွဲသွားမည်ဟု သိရသည်။
Child Aid Foundation သည် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး နာဂစ်ဒဏ်သင့် ကလေးငယ်များ စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ယမန်နှစ်ကလည်း နာဂစ်ဒဏ်သင့် မိဘမဲ့ကလေးသူငယ်များ စောင့်ရှောက်ရန် ဈေးရောင်းပွဲကို ပထမဆုံးအကြိမ်အဖြစ် နယူးအခ်ပါဗီလျံတွင် ပြုလုပ်ခဲ့ဖူးသည်။ ၎င်းတို့ ၀က်ဆိုက်ကို ဒီနေရာမှာ သွားကြည့်နိုင်ပါသည်။ - http://ChildAidMyanmar.Org

ခေါက်ဆွဲကြော်၊ ထောပတ်သီး ဖျော်ရည်

ဖရဲသီးဖျော်ရည်၊ ကောက်ညှင်းထုတ်၊ မုန့် ဆီေုကာ်

ရခိုင်မုန့် တီ၊ အာပူလျှာပူ

Encore တေးဂီတ ဖျော်ဖြေမှု




(ဓာတ်ပုံ - မိုင်မြစ်ကြီးနားဘလော့စပေါ့တ် - http://my-myitkyina.blogspot.com/2009/06/photo-essay.html )
Tuesday, May 26, 2009
Child Aid Foundation to open Metta Nanda Charity School in Rangoon
နာဂစ်သင့်မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအဖွဲ့၏ မေတ္တာနန္ဒပရဟိတကျောင်း (ရန်ကုန်) အတွက် အလှူပွဲတော်ကျင်းပမည်
မိုးမခအထောက်တော် ၀၀၂
မေ ၂၇၊ ၂၀၀၉
ပြည်တွင်း ပြည်ပက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် စေတနာရှင်များအားလုံး၏ ၀ိုင်းဝန်းဆောင်ရွက်မှုဖြင့် ချိုင်းအိတ်ဒ်ဖောင်ဒေးရှင်း အမည်ရှိ နာဂစ်သင့်မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအဖွဲ့က နာဂစ် တနှစ်ပြည့်မြောက်ပြီးနောက် ပရဟိတလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မေလ ၁၉ ရက်နေ့ စာရင်းအရ မိဘမဲ့ကလေးသူငယ်ပေါင်း ၅၆၀ ကို ပညာရေးနှင့် လူမှုရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ လစဉ် ပြုလုပ်နိုင်ခဲ့သည့်အပြင် ၂၀၀၉ နှစ်ဆန်းက စတင်ပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် မေတ္တာနန္ဒပရိဟိတ ကျောင်းတကျောင်းကို ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
ထိုပရိဟိတကျောင်းတွင် နာဂစ်သင့်မိဘမဲ့ကလေးများ သာမက ခိုကိုးရာမဲ့ အခက်အခဲမျိုးစုံ ခံစားနေရသော ကလေးသူငယ်များကိုပါ ပညာဒါနအလှူ ပံ့ပိုးကူညီနိုင်ရန် အတွေ့အကြုံရှိပြီးဖြစ်သည့် မန္တလေးမြို့ ဖောင်တော်ဦးကျောင်းတိုက်က ဆရာတော်များ၏ အားပေးလမ်းညွှန်မှုတို့ဖြင့် ဆောင်ရွက်မည်ဟု သိရသည်။
ထိုကျောင်းဆောင်နှင့် ပရိဘောဂများ လိုအပ်သလို တည်ဆောက်တိုးချဲ့နိုင်ရေးအတွက် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက်က ဆရာတော်များ၏ တိုက်တွန်းနှိုးဆော်မှုတို့ဖြင့် မြန်မာမိသားစု စေတနာရှင်များ၊ အလှူရှင်များ စုပေါင်းပြီး မြန်မာရိုးရာ စားသောက်ဖွယ်ရာတို့နှင့် ဈေးရောင်းပွဲတော်တခု ကျင်းပ၍ ရန်ပုံငွေ ရှာဖွေ လှူဒါန်းကြမည်ဟု ဆိုသည်။
Tuesday, May 19, 2009
“Child Aid Foundation – Myanmar” released updated list of children and donors as of May 19th, 2009
“Child Aid Foundation –
MoeMaKa Reporter 002
May 19, 2009
“Child Aid Foundation –
The foundation has started its operation since May 2008 when Nargis storm hit Delta which left almost 2 millions Burmese homeless. It raised funds and did aid work providing shelters, foods, medical and social care with the guidance of Burmese Buddhist monks from various monasteries local and abroad namely, Ngar Gyan Pyan Monastery,
Back in April 2009, the foundation had extended their charity by establishing Charity School of basic education for not only Nargis-Orphans but also other children suffering under social and other circumstances. It named the school as “Metta Nanda – Charity School for Children” and it shall be managed under the joint guidance of the Sayadaws from Phaung Taw Oo Monastery which had long standing experience of running orphanage and charity schools in Manadalay and Sayadaws from Child Aid Foundation.
It was learnt that the foundation would be holding a annul fund raising food fair for building of their new school in coming month June in New Ark, California, USA, inviting all the donors abroad.
You can find the complete list of 560 Children and their respective donors from here - http://childaidmyanmar.org/images/CAFas102908.pdf
Tuesday, May 12, 2009
Child Aid Foundation to establish Charity School for the Needy Children

နာဂစ်အလွန် တနှစ်ပြည့် မေတ္တာနန္ဒပရဟိတကျောင်းအဖြစ် တိုးချဲ့ရန်
နာဂစ်သင့် မိဘမဲ့ကလေးများ ကူညီရေး ရန်ပုံငွေအဖွဲ့က ပြင်ဆင်
မိုးမခ အထောက်တော် ၀၀၂
မေ ၁၃၊ ၂၀၀၉
ရန်ကုန်မြို့ ငါးကျမ်းပြန်သာသနာ့ရိပ်သာက ဆရာတော်များ၊ တကာ၊ တကာမ မိသားစုများက ကမကထပြုလုပ်ခဲ့ပြီး၊ ပြည်တွင်းပြည်ပရှိ ကုသိုလ်ရှင်များ၊ စေတနာရှင်များ၏ စုပေါင်း အလှူဒါနဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သော Child Aid Foundation (Myanmar) အမည်ရှိ နာဂစ်သင့်မိဘမဲ့ ကလေးများကူညီရေး ရန်ပုံငွေအဖွဲ့သည် နာဂစ်မုန်တိုင်းအလွန် တနှစ်ပြည့်ချိန်တွင် ပရဟိတလုပ်ငန်းများ ပိုမိုကြိုးစားဆောင်ရွက်နိုင်ရန် ရှေ့သို့ ခြေတလှမ်း တိုးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရန်၊ နာဂစ်သင့် မိဘမဲ့ကလေးသူငယ်များ၏ ပညာရေး နောင်ရေးအတွက်သာမက၊ ကျေးလက်တောရွာများ၊ တိုင်းရင်းသားကလေးသူငယ်များ၏ ပညာရေး၊ လူမှုရေးနှင့် အထွေထွေ အသိပညာ ဖွံဖြိုးတိုးတက်စေရေးအတွက် တတ်စွမ်းသလောက် ဆောင်ရွက်နိုင်ရန်၊ အခြေခံပညာများသာမက အထက်တန်းပညာများအထိ သင်ကြားနိုင်ဖို့ ပြင်ဆင်ပေးနိုင်ရန်နှင့် ဒေသန္တရအသီးသီးက စေတနာရှင်၊ ကုသိုလ်ရှင်များ၏ အထွေထွေသော ကာယ၊ ဉာဏ နှင့် အထွေထွေသော အလှူ ဒါနအားများကို အခြေပြုပြီး ထိုကလေးသူငယ်များကိုယ်တိုင် ကိုယ်ထူ ကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးနိုင်သည့် စွမ်းဆောင်ရည်ရှိသော ပရိဟိတကျောင်းကလေး တကျောင်းအဖြစ် ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဟု မျှော်လင့်ထားကြောင်း ငါးကျမ်းပြန်သာသနာ့ရိပ်သာနှင့် ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်းတိုက်က ဆရာတော် ဦးဓမ္မပီယက မိန့်ကြားသည်။

မူလက ချိုင်းလ်ဒ်အိတ်ဒ် ဖောင်ဒေးရှင်း အမည်ဖြင့် ရန်ပုံငွေအဖွဲ့ကို စတင်ခဲ့ပြီး အင်တာနက်လိပ်စာအဖြစ် - www.childaidmyanmar.org ကတဆင့် စေတနာရှင်၊ ကုသိုလ်ရှင်များကို သတင်းပေးပို့ခဲ့သည်။ ယခုအခါတွင် ပရဟိတလုပ်ငန်းတခုအဖြစ် အမေရိကန်ပြည်ထောင်စုတွင် မှတ်ပုံတင်ဆောင်ရွက်ရာ - Metta Child Aid Foundation အမည်ကို ရယူသုံးစွဲရန် ဆွေးနွေးတိုင်ပင်နေကြကြောင်း သိရှိရပါသည်။

(ဓာတ်ပုံများ - ၂၀၀၉ မတ်၊ ဧပြီလများအတွင်းက ရန်ကုန်မြို့အနီးတွင် ထူထောင်မည့် မေတ္တာနန္ဒ ပရဟိတစာသင်ကျောင်း မြေနေရာနှင့် အဆောက်အဦကို ၅ ကျမ်းပြန်ကျောင်းတိုက်ဆရာတော် ဦးဓမ္မပီယ၊ မန္တလေး ဖောင်တော်ဦး ပရဟိတကျောင်း ဆရာတော် ဦးနယကနှင့် သံဃာတော်များ ပြင်ဆင်ကြည့်ကြပ်နေကြစဉ်)

Tuesday, April 28, 2009
Child Aid Myanmar Foundation requesting 2009 Pledges for the Orphans
ငါးကျမ်းပြန်သာသနာ့ရိပ်သာ၏ နာဂစ်သင့်မိဘမဲ့ကလေးသူငယ်များစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့
၂၀၀၉ ခုနှစ်အတွက် လစဉ်အလှူငွေများ ထည့်ဝင်ကြရန် မေတ္တာရပ်ခံ
မိုးမခ အထောက်တော် ၀၀၂
ဧပြီ ၂၉၊ ၂၀၀၉
မေလ ၂ ရက်နေ့တွင် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။ စေတနာရှင်များ၊ ကုသိုလ်ရှင်များက နာဂစ်သင့်ဒုက္ခသည်များကို အခက်အခဲမျိုးစုံကြားက ကိုယ်ထူကိုယ်ထ တယောက်တလက် ကူညီခဲ့ကြသည့်အတွက် ဒုက္ခသည်ပေါင်း သိန်း ၂၀ ကျော်ကို ပထမ ၆ လ အတွင်း တတ်အားသမျှ ထပ်မံ မပျက်စီး၊ မသေပျောက်သွားအောင် စောင့်ရှောက်နိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ နောက် ၆ လပိုင်းတို့တွင် အစိုးရအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးက ဆက်လက်ပြီး စောင့်ရှောက်မှု၊ ကူညီမှုနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍတို့တွင် ၀ိုင်းဝန်းထိမ်းသိမ်း ဆောင်ရွက်ခဲ့ကြသည်ကိုလည်း အထင်အရှားတွေ့ခဲ့ရသည်။
ထိုကဲ့သို့ မိမိတတ်နိုင်ရာရာ ဆောင်ရွက်နေသော စေတနာရှင်၊ ကုသိုလ်ရှင် အစုအဖွဲ့များအနက်က ငါးကျမ်းပြန်သာသနာ့ရိပ်သာက ဗုဒ္ဓဘာသာဆရာတော်များဦးဆောင်သော စေတနာ့ဝန်ထမ်းများက နာဂစ်ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်တွင်း ပြည်ပက အလှူရှင်များ၏ ပန့်ပိုးကူညီမှုဖြင့် ဆောင်ရွက်နိုင်ခဲ့သလို နာဂစ်သင့်မိဘမဲ့ကလေးများကို ဇီဝိတဒါန၊ ပညာဒါန၊ အဟာရဒါနတို့ဖြင့် ဆက်လက် မွေးမြူစောင့်ရှောက်ရန် လုံလထုတ် ဆောင်ရွက်ခဲ့ရာ ၂၀၀၈ ခုနှစ်အတွင်း နှစ်ဖက် မိဘမဲ့ကလေးသူငယ်ပေါင်း ၅၆၀ ကို လစဉ် အလှူငွေ တဦးလျင် ကျပ် ၁ သောင်းနှုန်းဖြင့် ကူညီမှုရန်ပုံငွေကို ချမှတ်အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုကလေးသူငယ်တို့က နီးစပ်ရာ သွေးရင်းသားရင်းမိသားစုများထံတွင် အပ်နှံ၍၎င်း၊ ကျောင်းအိပ် ကျောင်းစားလက်ခံသော ဘုန်းတော်ကြီးကျောင်းများတွင် ပေးပို့၍၎င်း၊ စသည့် အရိပ်အာဝါသတို့တွင် စောင့်ရှောက်ကူညီထားလျက်ရှိရာ ယခု ၂၀၀၉ မေလတွင် နာဂစ်မုန်တိုင်း နှစ်လည်အချိန်ကို အထိမ်းအမှတ်ပြု၍ ယခုနှစ်အတွက် လစဉ်အလှူငွေများ ဆက်လက်ထည့်သွင်း ပေးပို့ကြပါရန် ဆရာတော်များက မေတ္တာရပ်ခံလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်မြို့ သင်္ကန်းကျွန်းရှိ ငါးကျမ်းပြန်ကျောင်းတိုက်နှင့် အမေရိကန်၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒ ကျောင်းတိုက်တို့ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။
Friday, February 27, 2009
Child Aid Myanmar Foundation helped 500 Nargis Orphans so far
ငါးကျမ်းပြန်ကျောင်းတိုက်၊ နာဂစ်သင့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ရန်ပုံငွေဖြင့် ကလေး ၅၀၀ ကျော်ကို ကူညီခဲ့
မိုးမခ အထောက်တော် ၀၀၂
ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉
မေလ ၂ နှင့် ၃ ရက်၊ ၂၀၀၈ က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးကြောင့် မိဘ ၂ ပါး မဲ့ခဲ့ရသည့် ကလေးသူငယ်များကို စာရင်းပြုစုပြီး ကူညီထောက်ပံ့မှုပေးနေသော ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များဦးဆောင်သည့် ရန်ပုံငွေအဖွဲ့က ကလေး ဦးရေ ၅၆၀ ကို လစဉ်ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
မန္တလေးမြို့ ဖောင်တောင်ဦး ဘုန်းတော်ကြီးကျောင်းတွင် ပြုစုစောင့်ရှောက်ထားသော နာဂစ်သင့် ခိုကိုးရာမဲ့ ကလေးသူငယ်များထဲမှ ၂ ဖက်မိဘမဲ့သူ ၂၀ ဦးရေ၎င်း၊ ဧရာဝတီတိုင်း နာဂစ်ဒေသက ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးသားချင်းမိသားစုများက စောင့်ရှောက်ထားသည့် ကလေးသူငယ်များကို၎င်း ဆရာတော်နှင့် ဒကာ၊ ဒကာမများက ယခင်လတွင်လည်း သွားရောက် လှူဒါန်းခဲ့ကြသည် ဟု သိရသည်။
ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများက ကလေးငယ်တဦးလျင် တလကို အမေရိကန် ဒေါ်လာ ၁၀ နှုန်းဖြင့် တနှစ်စာ ပညာရေး၊ လူမှုရေး ထောက်ပံ့မှုအဖြစ် လှူဒါန်းကြပြီး၊ ပြည်တွင်းရှိ စေတနာရှင်တို့က ထိုဒေသတို့သို့ သွားရောက် ပေးလှူစောင့်ရှောက်မှုများ ပြုလုပ်ကြကြောင်း၊ ယခုလာမည့် ၂၀၀၉ နှစ်အတွက်ကိုလည်း လက်ခံရရှိသည့် အင်အားအလျှောက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလှူရှင်များကိုလည်း အကြောင်းကြားမည် ဖြစ်ကြောင်း ကြားသိရသည်။
အလှူရှင်များထံသို့ ပေးပို့ရန် ပြင်ဆင်နေသည့် နာဂစ်သင့် မိဘမဲ့ကလေးသူငယ်များ စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့၏ လက်ဆောင်ပို့စကဒ်ငယ်ကို ဖော်ပြလိုက်ပါသည်။ http://childaidmyanmar.org
Friday, January 30, 2009
Monday, January 26, 2009
Garunar Shin - Letter from Nargis
နာဂစ်ဒေသက လာတဲ့စာ ဂရုဏာရှင် ဇန်န၀ါရီ ၂၆၊ ၂၀၀၉ ဒီတခေါက် နာဂစ်ဒေသက ရွာတွေကို ပြန်ရောက်တော့ အပြောင်းအလဲတွေ တွေ့ရတယ်။ ပထမဦးဆုံး ပုံကတော့ ယခင် ငပုတောမြို့နယ်၊ ယခု လပွတ္တာမြို့နယ်က အောက်ပြွန်ဝရွာက သဘာဝဘေးရန်ကာ အဆောက်အဦကြီးဖြစ်ပါတယ်။ အဲဒီ ကျောင်းတွေ အိမ်တွေကို ပန်းလှိုင်အဖွဲ့က ပြည်ပအလှူရှင်များနဲ့ ကြည့်ကြပ်ပြီး ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ နေရောင်ခြည်သုံး ဓာတ်အားစနစ်၊ ဘက်ထရီအားသွင်း လျပ်စစ်မီးစနစ်တွေကို သုံးထားလို့ ညဆိုရင် မီးတွေ ထိန်နေတာ တွေ့ရပါတယ်။ ယခင်တုန်းက အဲဒီရွာကလေး ရွာလုံးကျွတ်ပါသွားခဲ့တော့ သံဃာတော်တွေက မြန်မာငွေ ၁၅ သိန်းလောက်နဲ့ မတည်ပြီး အားပေးခဲ့ရတဲ့ ရွာကလေးပေါ့။ အဲဒီတုန်းက ဆောက်ထားခဲ့တဲ့ တဲတန်းရှည်ကြီးတွေ၊ အိမ်တွေအားလုံးကို အသစ်ပြင်ဆောက်လိုက်ကြပြီ ဖြစ်တယ်။ ၀မ်းသာကြည်နူးဖွယ် မြင်ကွင်း တခုပဲ။ ရွာလေးက တကာ၊ တကာမတွေက ဘုန်းကြီးတို့ ပြန်လာတာကို ၀မ်းသာအားရ ကြိုဆိုကြတယ်။ ယခင်က ရွှံ့တွေ နွံတွေထဲက ရုန်းပြီး တက်လာရတဲ့ မြစ်ဆိပ်မှာ ရွာသူ ရွာသားတွေက စောင်တွေ ခင်း၊ ထီးတွေ မိုးပြီး ကြိုကြတယ်။ မေတ္တာတရားရဲ့ အသီးအပွင့်တွေဟာ အချိန်အကြာကြီး မစောင့်ရဘဲ ဒီလိုတချို့နေရာတွေမှာ သီးပွင့်လာတော့ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ပင်ပမ်းသမျှတွေ ပျောက်ကွယ်ကုန်ရပါတယ်။ တချို့ရွာတွေမှာ အခုလို အဆင်ပြေကြပေမယ့် အခြားအခြားသော ရွာများက ရွာသားတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လိုအပ်နေတုန်းပဲ။ Child Aid Foundation အတွက် အလှူငွေတွေကို ကိုယ်တိုင်ကိုယ်ကျ ဆရာတော်တွေက ပေးအပ်ချင်တဲ့အတွက် မန္တလေး၊ ငပုတော၊ လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနဲ့ ကွမ်းခြံကုန်းနယ်တွေက ကျေးရွာတွေ အထိ ခရီးတွေ အများကြီး ဆက်ဖြစ်ခဲ့ပါတယ်။ မန္တလေးက ဓာတ်ပုံ - အစိမ်းရောင် ၃ ထပ် ကျောင်းဆောင်ကြီးက မန္တလေးမြို့ပေါ်က ဖောင်တော်ဦး ပရဟိတကျောင်း မြင်ကွင်း ဖြစ်ပါတယ်။ နှစ်ဖက်မိဘမဲ့ ကလေး ၂၅ ဦး ရှိပြီး တိုင်းရင်းသား (ကရင်၊ ရှမ်း စသည်) ကလေးသူငယ်တွေကိုလည်း စောင့်ရှောက်ထားတယ်။ နာဂစ်ကလေးငယ်များကို အလှူငွေတွေ ပေးအပ်ကြတယ်။ ဆရာ ဆရာမတွေကို ဟောပြောပွဲတခု ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နာဂစ်ကလေးသူငယ်တွေကို စောင့်ရှောက်ထားတဲ့ ခံတက်ကုန်းက မစိုးရိမ်ကျောင်းကိုလည်း သွားရောက်ပြီး အလှူငွေများ ပေးအပ်ခဲ့ပါတယ်။ ကလေးတွေကို အားမငယ်ဖို့၊ လူ့ဘ၀တခုကို ဘာနဲ့မှ တိုင်းတာ တန်ဖိုးဖြတ်လို့ မရတဲ့အကြောင်း၊ မျှော်လင့်ချက်နဲ့ ဘ၀ကို ရှင်သန်ဖို့ အစွမ်းကုန် အားပေးဖြစ်ခဲ့ပါတယ်။ လပွတ္တာ ဓာတ်ပုံ - လပွတ္တာမြို့ပေါ်က နာဂစ်မိဘမဲ့ ကလေးတွေ အများဆုံး ရှိတဲ့နေရာလို့ ဆိုချင်ပါတယ်။ ဓာတ်ပုံမှာက ဆောက်လုပ်ဆဲ ကျောင်းကြီး အောက်ထပ်မှာ ကလေးတွေ ၂၀၀ နီးပါး လာရောက် တွေ့ဆုံကြတယ်။ Child Aid Foundation က ဦးစီးပြီး ပြည်တွင်း ပြည်ပ အလှူရှင်တွေ လာရောက် ကူညီတယ် ကြားကြလို့ လပွတ္တာမြို့နယ်က ကျေးရွာများကပါ လာရောက်ကြတယ်။ လာတဲ့ ကလေးတွေအတွက် စက်လှေခကို ဆရာတော်အဖွဲ့တွေက ကုသိုလ်ပြုပါတယ်။ လူသားအကျိုးပြု ပရိဟိတအလုပ်ဆိုတာ တဦးတည်း၊ တဖွဲ့တည်း လုပ်လို့ရတာမျိုး မဟုတ်ဘူး။ အားလုံးက အဖက်ဖက်က ၀ိုင်းလုပ်ရတာကို သိသာထင်ရှားစွာ တွေ့မြင်ရပါတယ်။ သင်္ကန်းကုန်း ဓာတ်ပုံ - အဲဒီက ဘုန်းတော်ကြီး ကျောင်းမှာ ဗုဒ္ဓ၀င်ပြခန်းတွေ တွေ့နိုင်ပါတယ်။ ရွာနီး ချုပ်စပ်က ကလေးတွေကိုကော၊ မိဘမဲ့ကလေး ၁၀၀ ကျော် လာစုဖြစ်တယ်။ လှူမျှဝေနိုင်သလောက် ကူညီနိုင်ခဲ့လို့ ထာဝရ မဟုတ်တောင် တဒင်္ဂ အခိုက်အတန့်မှာ လန်းဆန်းပျော်ရွှင်ကြရတာကို တွေ့နိုင်ပါတယ်။ သက်ကယ်သောင် ဓာတ်ပုံ - သက်ကယ်သောင်ဆိုတာ အဆိုတော် ဇော်ပိုင်ရဲ့ ရွာပေါ့။ ဒီ ဘုန်းတော်ကြီးကျောင်းကတော့ မိုးမလုံလို့ အမိုး ၂ ထပ် မိုးထားတဲ့ ခန်းမအဟောင်းတခုဖြစ်ပါတယ်။ နံရံက ပျဉ်တွေလည်း ဟောင်းနွမ်းနေတယ်။ မိဘမဲ့ကလေး ၅၀ ကျော် ရှိပါတယ်။ စက်လှေက ဒီရေ အကျနဲ့ ကြုံလို့ အားလုံး လှေပေါ်ကဆင်းလို့ ၀ိုင်းတွန်းကြရတယ်။ “အချိန်နဲ့ ဒီရေသည် လူကို မစောင့်” ဆိုတာ အဲဒီ ဒေသတွေမှာ ပိုသဘောပေါက်မိပါတယ်။ ဘိုကလေး ဓာတ်ပုံ - အဲဒီမှာ ကလေး ၅၀ နီးပါးရှိတယ်။ မကျင်မြိုင်ကျွန်းတို့ကနေ စက်လှေငှားပြီး လာတွေ့ကြတယ်။ Child Aid Foundation က ခရီးစာရိတ်တွေကို စိုက်ထုတ်ပေးပါတယ်။ ဆင်းရဲချို့တဲ့ကြတာချင်း အတူတူ မိဘရှိတဲ့ကလေးတွေဟာ မိဘမဲ့ကလေးတွေနဲ့ နှိုင်းယှဉ်ရင် ရေ ၀၀လင်လင် သောက်ရတဲ့ အပင်နဲ့ ရေမ၀တဲ့ သစ်ပင်များလို အခြေအနေတွေ ကွာခြားလှပါတယ်။ ကွမ်းခြံကုန်း ဓာတ်ပုံ - ဖျာပုံမှာတော့ ကလေးအနည်းအကျဉ်းပဲ ရှိပါတယ်။ ဒေးဒရဲနဲ့ ကွမ်းခြံကုန်းမှာတော့ နာဂစ်ကလေးငယ်များကို ကွမ်းခြံကုန်းအိမ်တအိမ်မှာ စုထားပြီး တွေ့ဆုံဖြစ်ပါတယ်။ အမွှာညီအမပါတဲ့ ပုံတွေဟာ အဲဒီက ရိုက်လာတဲ့ ပုံတွေ ဖြစ်ပါတယ်။ ကလေးသူငယ်တွေနဲ့ ရင်းနှီးလာတော့ သူတို့ဟာ ကိုယ့်ဆွေမျိုးသားချင်းများလို စိတ်ထဲက ခံစားမိတယ်။ “မည်သူမပြု၊ မိမိမှု” ဆိုပေမယ့် ဂရုဏာတရားရှုဒေါင့်က ကြည့်ရင်တော့ မသနားဘဲ မနေနိုင်ပါဘူး။ သူတို့အဖြစ်တွေဟာ သူတို့အရွယ်လေးတွေနဲ့ မမျှအောင် ဆိုးဝါးလှတော့ သူတို့ရဲ့ လောကဓံဟာ ခါးသီးလွန်းလှပါတယ်။ အခုလို မိမိတို့ မျက်စိရှေ့မှောက်မှာ သူတို့ကို ကြုံတွေ့ရပြန်တော့ ဂရုဏာတရားနှင့် နွယ်ပြီး တာဝန်ဆိုတာက အလိုလို ရှိပါပါတယ်။ သူတို့ဘ၀လေးတွေဟာ ဘယ်တော့များမှ နွေးထွေးကြင်နာတဲ့ အရိပ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ကြပါလိမ့်မှာလဲ။ ။
Wednesday, November 12, 2008
Wednesday, October 29, 2008
Child Aid Foundation posted Orphans and Donors List online
မြန်မာဘုန်းတော်ကြီးများနှင့် စေတနာရှင်များ၏ Child Aid Foundation က
ပြုစုကူညီထောက်ပံ့ထားသော မိဘမဲ့ကလေးသူငယ်များ စာရင်း ထုတ်ပြန်
မိုးမခ အထောက်တော် ၀၀၂
အောက်တိုဘာ ၂၉၊ ၂၀၀၈
မြန်မာဘုန်းတော်ကြီးများနှင့် စေတနာရှင် မြန်မာမိသားစုများ ၀ိုင်းဝန်းပြီး စေတနာ့ဝန်ထမ်းဆောင်ရွက်လျက်ရှိသည့် ချိုင်းအိတ်ဒ်ဖောင်ဒေးရှင်းက ယခုအောက်တိုဘာလအတွင်း ကောက်ခံရယူထားသော နာဂစ် မုန်တိုင်းသင့် မိဘမဲ့ ကလေးသူငယ်များစာရင်းနှင့် ထောက်ပံ့ကူညီနေသည့် စေတနာအလှူရှင်များကိုပါ တွဲဖက်သည့် စာစောင်ငယ်လေးတခု ထုတ်ပြန်လိုက်သည်။
ယာယီ သတင်းပြန်ကြားရေးအတွက် တင်ဆက်နေသည့် http://childaid08.blogspot.com အပြင် အင်တာနက်စာရွက်စာတမ်းများ သိမ်းဆည်း ထုတ်ပြန်ရန် မှတ်သားရလွယ်ကူမည့် အင်တာနက် လိပ်စာတခုကိုလည်း စတင်လိုက်သည်။ လိပ်စာမှာ - http://ChildAidMyanmar.Org ဟူ၍ ဖြစ်သည်။
ကလေးသူငယ်များနှင့် အလှူရှင်များ စာရင်းတွင် စာမျက်နှာ ၄၅ မျက်နှာခန့်ပါဝင်ပြီး ကလေးသူငယ်ပေါင်း ၄၃၉ ဦး၏ စာရင်း၊ ဓာတ်ပုံငယ်၊ ကိုယ်ရေးအကျဉ်းနှင့် တနှစ်စာ လစဉ်အလှူ ကူညီသူ မြန်မာမိသားစုများ၊ စေတနာရှင်များ၏ အမည်တို့ကို တွဲဖက်ပြီး ထုတ်ပြန်ထားသည်။ တ၀က် ကျော်ကျော်မှာ သီးသန့်အလှူရှင် မရှိသေးသော်လည်း ဆရာတော်များနှင့် ဝေယျာဝစ္စ တကာ၊ တကာများက စုပေါင်းအလှူငွေများကတဆင့် ၀ိုင်းဝန်း စောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။
ကလေးသူငယ်များနှင့် အလှူရှင်စာရင်းကို ဒီနေရာကနေ ကူးယူ ရရှိနိုင်ပါသည်။ http://childaidmyanmar.org/images/CAFas102908.pdf
Tuesday, October 28, 2008
Information For Donators Who Want To Donate To
“Child Aid Foundation”
On the 2nd and 3rd of May 2008, Cyclone Nargis ravaged through Irrawaddy Delta region and Yangon Province, leaving behind many orphans who lost their parents during this catastrophe. Our foundation’s main goal is to help the unfortunate children who were affected by Cyclone Nargis alleviate the financial and psychological problems of them and create their better future. We would like to inform that anyone who is interested in helping these kids in order to return to their normal lives. However, there are three types of support:
1) Legal adoption like a biological son or daughter
2) Sponsoring a kid in order to provide his/her education and accommodation for
his/her better future like a niece or a nephew.
3) Fund-raising through a non-government organization with dedicated funding for the child’s educational, food or lodging (depending on the amount of money received, the time span of the support towards kids will be varied from 3 to 5 years or until they graduate)
Our foundation, “Child Aid Foundation”, will be focusing on the third one. Therefore, we highly suggest $10.00 per month for each kid throughout a whole year which sums up $120.00 by the end of the year. According to this plan, a donor can choose to donate $10.00 per month or give a generous gift of $120.00 that will help a kid for one whole year. However, any donor who doesn’t wish to commit to a one year gift can still donate as much as he/she wants. For anyone who donates one year gift to help Cyclone Nargis affected kids, our foundation will send out the individual kid’s photo and personal profile.
On the other hand, for donors who want to choose support type 1 and 2, “Child Aid Foundation” will help arrange a meeting for them to meet with the kids. We do also help with shipping clothes and food for the kids who were affected by Cyclone Nargis. In the case of adopting a child, we would like to inform that it is the donors’ responsibility to finish any necessary legal paperwork from both countries to legally adopt a kid.
“Child Aid Foundation” appreciates and highly acknowledges your benevolence and kindness towards the kids in improving their lives and creating a better future for them, and as a non-profit foundation, we will also do our best to keep helping them as much as we can.
Best regards,
Child Aid Foundation


